သတင်းများ

ကျုံပျော်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ်
Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ အတွက် ထောက်ပံ့ငွေကျပ် သိန်းပေါင်း (၁၉၀၀)ကျော် ပေးအပ်ခြင်း (MCCT) အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အောင်ဆန်းရပ်ကွက်ရှိ မြို့နယ်ဧရာမင်းခန်းမ တွင် ကျင်းပပြုလုပ်သည်။
မင်းကင်းမြို့နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့မှ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပ
Sep 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့၌ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဗဟန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ဗဟန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေနန်ယန်ခန်းမ၌ကျင်းပသည်။
တာလေမြို့၌ အသက် ၉ နှစ်ပြည့်ပြီး အသက် ၁၂ နှစ်မကျော်သော ကျောင်းသူများအား လေးမျိုးစပ်သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေး
Sep 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အသက် ၉ နှစ်ပြည့်ပြီး အသက် ၁၂ နှစ်မကျော်သော ကျောင်းသူများအား လေးမျိုးစပ် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တာလေ) ဆေးထိုးစုရပ်၌ ထိုးနှံပေးကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ ဆွေးနွေးပွဲကျင်းပ
Sep 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့၏ ဆွေးနွေး ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဗဟုသုတရရှိစေရေး အသိပညာပေးဟောပြော
Sep 20,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းစာသင်ကြားမှုအပြင် ပြင်ပဗဟုသုတရရှိစေရေးအတွက် ဌာနဆိုင်ရာအလိုက် လစဉ်အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာယနေ့နံနက် ၁၀ နာရီက အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)မှတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးအောင်လင်းဌေးနှင့် တပ်ဖွဲ့ဝင်များက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဗဟုသုတများကို အသိပညာပေး ဟောပြောသည်။
ကာလိမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Sep 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီ အချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျိုင်းလွန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေမှုဆောင်ရွက်
Sep 20,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ပန်းဘဲတန်းအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(တောင်ငူ)နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။