သတင်းများ

ရပ်စောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့်  ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Sep 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တုံတာမြို့ပေါ်ရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Sep 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် တုံတာမြို့၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာ လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ထိ တုံတာမြို့ပေါ်ရှိ ကျောင်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အမာမြို့ မြို့ပေါ်ရပ်ကွက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုဘိုင်းစာအုပ်ငှားရမ်းပေးခြင်း ဆောင်ရွက်
Sep 20,2023
အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံပြည်သူများ အသိပညာဗဟုသုတများကို အလွယ်တကူ ရှာမှီးနိုင်ရေး ရည်ရွယ်၍ စာအုပ်၊ စာစောင်များ မိုဘိုင်းငှားရမ်းပေးခြင်း ဆောင်ရွက်မှုကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၃) ရပ်ကွက်နှင့် အမှတ် (၄)ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့၌ သီးနှံမျိုးစုံ (၂၀၃၁) ဧက ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေနိုင်ရေး မြောင်း(၄)မြောင်းအား သဲနုန်းများတူးဖော်ပေး
Sep 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၂၀၃၁)ဧက ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများပြည့်ဝစွာပေးဝေနိုင်ရေး မြောင်း(၄)မြောင်းအား သဲနုန်းများ တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး
Sep 20,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို Gavi အဖွဲ့နှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ စက်တင်ဘာ ၁၈ ရက်နေ့မှစ၍ မြို့နယ်အခြေခံပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ကွင်းဆင်းဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၉၆၃ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ  ကောက်ယူပြီးစီး
Sep 20,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
ကလိန်အောင်မြို့၌ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသူ‌လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)  ထိုးနှံပေး
Sep 20,2023
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့တွင် အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂နှစ်အရွယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ထိုးနှံပေးခဲ့သည်။
မိုးမောက်မြို့တွင် ကျား၊ မ အခြေပြုအကြမ်းဖက်မှုအသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ
Sep 20,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၊ အလင်းကောင်ရပ်ကွက် စည်ပင်သာယာဈေးရှေ့တွင် မိုးမောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျား၊ မအခြေပြုအကြမ်းဖက်မှု အသိပညာပေး လက်ကမ်းစာစောင်များကို စက်တင်ဘာ ၂၀ ရက် နံနက် ၈ နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။