တကောင်း စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အခြေခံပညာကျောင်းများရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁၈)ရက်နှင့် (၁၉)ရက်တွင် အဆိုပါကျောင်းများရှိ ဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံပေးရာတွင် ကျန်းမာရေးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်ချောစုဝင်းနှင့်ဝန်ထမ်းများက တကောင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသူ(၇၁)ဦး၊ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသူ (၂၄)ဦး၊ အခြေခံပညာမူလတန်းကျောင်းမှ (၁၀)ဦး စုစုပေါင်း (၁၀၅)ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)