ကျုံပျော် စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ အတွက် ထောက်ပံ့ငွေကျပ် သိန်းပေါင်း (၁၉၀၀)ကျော် ပေးအပ်ခြင်း (MCCT) အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အောင်ဆန်းရပ်ကွက်ရှိ မြို့နယ်ဧရာမင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်နှင့် တာဝန်ရှိသူတို့က ထောက်ပံ့ငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့လည်းကောင်း၊ ထိုမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများထံသို့လည်းကောင်း အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့မှုများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများမှ တစ်ဆင့် ကာယကံရှင်များ လက်ဝယ်အရောက် ကွင်းဆင်းပေးအပ်လျက်ရှိပြီး ကျုံပျော်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စု (၉၇) အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၁၅၈၀)ဦး၊ အသက် (၂)နှစ် အောက် ကလေးသူငယ်(၃၀၁၀)ဦး၊ စုစုပေါင်း (၄၅၉၀)တို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၉၆၇၇၀၀၀ဝိ/) အား ထောက်ပံ့ပေးအပ် ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)