ကာလိမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကာလိ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီ အချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျိုင်းလွန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိအပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး  ဒေါ်ထင်ထင်ကျော်က အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကျောင်းသား၊ ကျောင်းသူများ အမှတ်ရစေရေးနှင့် ဆရာ၊ ဆရာမများ၏ ဂုဏ်ကျေးဇူးကို အမြဲအောက်မေ့ သတိရစေရန် ဆရာ၊ ဆရာမများကို ရိုသေလေးစားတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး “ဆရာများနေ့ဖြစ်ပေါ်လာပုံ”၊ “ဆရာ့ကျေးဇူးမြင့်မိုရ်ဦး” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး၊ ဆရာမ ဒေါ်ခင်ယုမာက ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားခြင်းသည်  “စေတနာ၊ ဝါသနာ၊ အနစ်နာ” နာသုံးနာဖြင့် သင်ကြားပေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆရာ၊ ဆရာမများကို ရိုသေလေးစားတန်ဖိုး ထားတက်စေရန် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)