တောင်ငူ စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ပန်းဘဲတန်းအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(တောင်ငူ)နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(တောင်ငူ)မှ ဒုတိယရဲအုပ်ပေါ်ထွန်းက “လူကုန်ကူးမှုများဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုအဓိပ္ပါယ်နှင့် ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအခန်း(၇)ပါ ကလေးသူငယ်၏ အခွင့်အရေးများအကြောင်း” တို့ကို ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်ခဲ့သည့် မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိဦးအောင်နိုင်ဝင်း၊ ကျောင်းအုပ်ကြီးဦးညွန့်ဝင်း၊ ဆရာ၊ ဆရာမများနှင့် Grade-1 မှ Grade-6 ကျောင်းသားကျောင်းသူများ၊ စုစုပေါင်း (၃၀၅)ဦးအား လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (ပြန်/ဆက်)