မင်းကင်းမြို့နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့မှ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပ

မင်းကင်း စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့၌ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေနှင့် လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်၍ မပြုလုပ်သင့်ကြောင်း၊ အဂတိလိုက်စားမှုဆိုင်ရာ ဥပဒေပုဒ်မများအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)