လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ ဆွေးနွေးပွဲကျင်းပ

မော်လိုက် စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့၏ ဆွေးနွေး ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက ဆွေနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် လစဉ်ဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းတွင်ဆွေးနွေး မည့် လုပ်ငန်းစဉ်များကိုချပြ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်ပြီး (Book Club) အဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် အပိုင်းလိုက် ဆွေးနွေးမည့်ကိစ္စများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ လစဉ် (Book Club) နှင့် ကျောင်းသား/ ကျောင်းသူများ စာပေချစ်မြတ်နိုးသူများ၏ စာဖတ်ဝိုင်းကို လစဉ် ဒုတိယပတ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)