သာပေါင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေမြင့်တတ်လာမှုကြောင့် ဒည်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာချင်းဆက် တံတားပျက်စီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ လျက် သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းကျေးရွာ၊ ကျေးရွာချင်းဆက်တံတား (၂၆၀ ပေx ၆ ပေx၂၄ ပေ) ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ပျက်စီးမှုအား ကြည့်ရှုစစ်ဆေးပြီး မြစ်ရေပြန်ကျပါက တံတားပြုပြင်တည်ဆောက်ရေးအတွက် ကျေးလက်လမ်းဦးစီးဌာနအား လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ အားပေး စကား ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်