သရက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ နိုင်ငံစီးပွား မြှင့်တင်ရေး စီမံကိန်းရန်ပုံငွေ ဖြင့် တတိယအကြိမ် စိုက်ပျိုးရေးကဏ္ဍနှင့်သမါယမကဏ္ဍ အဆိုပြု လုပ်ငန်းများအတွက် ချေးငွေထုတ်ချေးမှုအခမ်းအနား ကျင်းပခြင်းကို ယမန်နေ့ မွန်းတည်း (၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် နိုင်ငံစီးပွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး စိုက်ပျိုးရေးအသင်းအဖွဲ့ (၃၄)ဖွဲ့မှ တောင်သူ (၂၇၉)ဦးအတွက် စိုက်ပျိုးရေးကဏ္ဍအတွက် ငွေကျပ် (၁၁၁၇၅၀၀၀၀)ကျပ်/နှင့် သမဝါယမကဏ္ဍအတွက် ငွေကျပ်(၇၂၀၀၀၀၀၀)ကျပ်/အား မြို့နယ်နိုင်ငံ စီးပွားမြှင့်တင်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ရာ အသင်းအဖွဲ့များမှ လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)