မှော်ဘီမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မှော်ဘီ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မှော်ဘီခရိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇင်မင်းနိုင်မှ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအကြောင်းအရာများကို အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသားများက သိလိုသည်များကို မေးမြန်းခဲ့ပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇင်မင်းနိုင်က ပြန်လည်ဆေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)