မှော်ဘီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မှော်ဘီ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ကအခြေခံပညာအထက်တန်းကျောင်း (ရွှေမြယာ) ၌ ကျင်းပသည်။

ရှေးဉီးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက အမှာစကားပြောကြားပြီး  စာရေးဆရာ ဆယ်မြူရယ်စိုးလွင်မှ လူငယ်နှင့်ပညာရေးဟူသောခေါင်းစဉ်ဖြင့် လည်းကောင်း မှော်ဘီမြို့နယ် Book Club အဖွဲ့အတွင်းရေး မှူးစာရေးဆရာဝင်းနွယ် (ပုသိမ်) မှ တစ်ခုလိုဟူသောခေါင်းစဉ်ဖြင့် သိကောင်းစရာများကို အကျယ်တဝင့်ဆွေးနွေးကာ အခြေခံပညာအထက်တန်းကျောင်း (ရွှေမြယာ) မှ ကျောင်းအုပ်ဆရာကြီး ဦးထင်အောင်ကျော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)