ကျောက်ဆည်မြို့ အမှတ်(၁၆)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းမှ အုပ်ဆရာမကြီး ဒေါ်ခင်မြသိန်းက ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ သက်မွေး ဘက်စုံပညာရေးစနစ် ဖြစ်သည့်အတွက် ကျောင်းသားများကျောင်းစာအပြင် ဗဟုသုများရရှိရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေမြင့်မှ လူမျိုးတင့်မည်၊ အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလည်တင့်စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ 

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည်စာကြည့်တွင်ပါရှိသော  စာအုပ်၊ စာစောင်များဖတ်ရှုကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းများနှင့် သဘာဝဘေး အန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေး နံရံကပ်စာစောင်များအား  စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)