သတင်းများ

စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် သုတေသန ကွင်းဆင်းဆောင်ရွက်  
Sep 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့သစ်ရပ်ကွက်အတွင်း တိုင်းကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် သုတေသန ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အ-မ-က တနင်းသရောကျောင်း၌ အသိပညာ‌ပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ  ကွင်းဆင်းဆောင်ရွက်
Sep 21,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်ရွယ်၍ စက်တင်ဘာလ ၂၀ ရက်တွင် ပိုင်ကျုံမြို့ အ-မ-က တနင်းသရောကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်
Sep 21,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်ရွယ်ချက်၌ ပြည်သူကို မျက်နှာမူသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ခြင်း၊ ဆောင်ပုဒ် (၃) ရပ်ဖြစ်သည့်၊ ပြန်ကြားပေးရန် (Information)၊ ပညာပေးစည်းရုံးလှုံ့ဆော်ရန် (Education)၊ ဖျော်ဖြေပေးရန် (Entertainment)နှင့် လုပ်ငန်းတာဝန် (၁၀) ရပ်တွင် ပါဝင်သည့် ပြည်သူများ အသိပညာ မြင့်မားရေးနှင့် ခရိုင်/မြို့နယ် ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စသည့် ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ထားဝယ်မြို့တွင်ကျင်းပ
Sep 21,2023
(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။  
ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ နွားနို့တိုက်ကျွေးရေးအစီအစဥ်များ ဆောင်ရွက်
Sep 21,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် (School Milk Programme)များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက အ.မ.က(မင်းကုန်း)နှင့် နတ်ကန်အရှေ့(မူလွန်)ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင် ခင်းကျင်းပြသခြင်း ဆောင်ရွက်
Sep 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာ စောင်များကို ယမန့်နေ့  မွန်းလွဲ (၁) နာရီခွဲ အချိန်က ပြသခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲတက်ရောက်
Sep 21,2023
မွန်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Sep 21,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။