မြို့သစ် စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်အဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့သစ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သိန်းလင်း၊ မြို့နယ်လဝကဦးစီးမှူး ဦးဝင်းနိုင်၊ မြို့နယ်စာရင်းစစ်မှူး ဒေါ်ဝင်းဝင်းအေး၊ မြို့နယ်အခွန်ဦးစီးမှူး ဒေါ်လွင်လွင်ထွန်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းယုထွေးတို့က အဂတိလိုက်စားခြင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်၊ ဥပဒေများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းရာ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန် / ဆက် )