ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေး
Sep 21,2023
ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင်(၁၃.၃)ဦးရှိပြီး ရောဂါကြောင့်သေဆုံးမှုမှာ(၆.၉)ဦးရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါမှ ကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၁၂ နာရီက အမှတ်(၃၅)ရပ်ကွက်၊ ဆရာခြုံလမ်းရှိ အမှတ်(၁၅)မူလတန်းကျောင်းတွင် မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV )ထိုးနှံခြင်းအခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။