လားရှိုးမြို့တွင်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ

လားရှိုး စက်တင်ဘာ ၂၄

လားရှိုးမြို့တွင်ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ်(၁)နာရီအချိန်က TWO ELEPHANT Hotel တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူသည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က သင်တန်းဖြစ်မြောက်ရေးပံ့ပိုးကူညီသူများကို အမှတ်တရ ဂုဏ်ပြုဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက ရုရှားတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့တွင်ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ) သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၅၈)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ်လေးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)