ရွာငံမြို့နယ်၊ ရေဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး နယ်လှည့်လှုပ်ရှားမှုကွင်းဆင်း

ရွာငံ စက်တင်ဘာ ၂၄

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/သူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ ပြောဆိုမှုစွမ်းရည်တိုးတက်လာစေရန်နှင့် မှတ်ဉာဏ် စွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ဦးစီးအရာရှိဒေါ်ပြည့်ဖြိုးသန့်နှင့် ဝန်ထမ်းများသည် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ရွာငံမြို့နယ်၊ ရေဦးကျေးရွာ၊ အခြေခံပညအထက်တန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိက နယ်လှည့်လှုပ်ရှားကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ လူကုန်ကူးမှုအဓိပ္ပာယ်များအကြောင်းနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ကျောင်းသူလေးများအား စာဖတ်စွမ်းရည်တိုးတက်စေရန် အတွက် စာဖတ်ဝိုင်းဆောင်ရွက်ပေးခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ပြသဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ပြည့်ဖြိုးသန့်