မင်းတုန်း စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ပန်းတုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၂၇)ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ရွှေက လူငယ်များ ကိုယ်ချင်းစာစိတ်ထားနိုင်ရေး၊ ပလတ်စတစ်ညစ်ညမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချရေးနည်းလမ်းများ အသိပညာပေးဟောပြောခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးသန်းစိုးမင်းက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် သိကောင်းစရာများ အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)