သဲကုန်း စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းအမှတ်စဥ် (၂/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း သဲကုန်းရှိ သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ဒုတိယမြို့နယ်ပညာရေးမှူး (စီမံဘဏ္ဍာ)ဦးသိန်းထွဋ်၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ကျောင်းအုပ်ဆရာကြီး ဦးကျော်မြင့်အောင်တို့က သင်တန်းဆင်း အမှာစကားများ ပြောကြားကြပြီး ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း သင်တန်းမှူး ဦးမြင့်ကျော်က ကြက်ခြေနီရှေးဦးပြုစုခြင်း သင်တန်းအောင်မြင်အောင် ကူညီဆောင်ရွက်ကြသူများကို ကျေးဇူးတင်စကားပြောပြောကြားပြီး တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းကို စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၅၂)ဦး တက်ရောက်၍ သင်တန်းနည်းပြ (၉) ဦးမှ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းသဘောတရားများ၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်းများ၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ စို့နစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်းများ၊ အရိုးကျိုးခြင်းများနှင့် ပတ်တီးစည်းနည်းများ၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်းများ၊ အပူလောင်ခြင်း၊ အရည်ပူလောင်ခြင်း၊ သတ္တဝါများတုတ်ခြင်းနှင့် ကိုက်ခြင်းဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)