သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဝင်များက မျိုးစေ့ထုတ်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ကြဲပက်စိုက်ပျိုး

သာပေါင်း စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာကောင်းမွန်စေရန်အတွက် မျိုးစေ့ထုတ်သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဇီးဖြူကွင်းကျေးရွာအုပ်စုရှိ မြေကွက်လပ်များ‌ပေါ်တွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါကြဲပက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အမှာစကား‌ ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်တိုးမြင့်ကော်မတီ အတွင်းရေးမှူး၊ ဦးစီးမှူးဦးမျိုးမြင့်လွင်က သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိတိုးလာခြင်း၊ သွင်းအားစုဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေး တိုးတက်ကောင်းမွန်လာခြင်းစသည့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊‌ မေလဆန်းဝန်းကျင်တွင် တစ်ဧက(၄)ပြည်နှုန်း ကြဲပက်စိုက်ပျိုးရန်၊ အစိုဓာတ်လိုအပ်ပါက ရေခပ်ပါးပါး တစ်ကြိမ်သွင်းရန်၊ စိုက်ပြီး(၄၀-၄၅)ရက်သားအချိန်သည် နိုက်ထရိုဂျင်ထုတ်လုပ်မှု အမြင့်မားဆုံးအချိန်ဖြစ်၍ ထယ်ထိုးမြေမြုပ်ရန်နှင့် မြေမြုပ်ထွန်မွှေပြီး(၂)ပတ်အကြာတွင် စပါးစိုက်ပျိုးနိုင်ကြောင်းတို့ကို အသိပညာပေးပြောကြားပြီး ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာ၊ ပုသိမ်-သာပေါင်းကားလမ်းဘေး မိုင်တိုင်အမှတ်(၃/၃)မိုင်မှ(၃/၅)မိုင်ကြားရှိ မြေကွက်လပ်(၉)ကွက်၊ (၅)ဧကနေရာ၌ မျိုးစေ့ထုတ် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များနှင့် တောင်သူတို့က စု‌ပေါင်းကြဲပက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း)