မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်(လခရ)တာဝန်ကျရဲတပ်ဖွဲ့၊ ရဲမှူး ဦးဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဇီဝိတဒါန သွေးလှူဒါန်း

မူဆယ် စက်တင်ဘာ၂၃

အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်(လခရ)တာဝန်ကျရဲတပ်ဖွဲ့၊ ရဲမှူး ဦးဆောင်၍ တာဝန်ကျရဲတပ်ဖွဲ့ဝင်များ စုပေါင်းကာ မြို့နယ်ပြည်သူ့ဆေးရုံးကြီးတွင် ယနေ့နံနက် (၉:၀၀)နာရီအချိန်က ဇီဝိတဒါန သွေးလှူဒါန်းခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်(လခရ)တာဝန်ကျရဲတပ်ဖွဲ့၊ ရဲမှူး စိန်သောင်း ဦးစီး၍ တာဝန်ကျရဲတပ်ဖွဲ့ဝင်များဖြင့် သွေးလိုအပ်သော လူနာများအတွက် ဇီဝိတဒါနအဖြစ် သွေးလှူဒါန်းခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဖြစ်သော ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ခရိုင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ချို့တဲ့ပြည်သူများကို ဆန်၊ ဆီ၊ ဆား စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များ ပေးဝေလှူဒါန်းခြင်း၊ ကျောင်းသား/ကျောင်းသူများအား အာဟာရနို့ထမင်းများ ကျွေးမွေးလှူဒါန်းခြင်းနှင့် မိုးဦး ကာလအတွင်း မူဆယ်မြို့နယ်အတွင်းရှိ ရေကြီးမြေပြိုမှုတို့တွင် ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရေကြီးသည့် မြေနိမ့်ရပ်ကွက်များနှင့် ရေကြီးမှုကြောင့် မြေပြိုသည့် ဒေသခံကျေးရွာများအထိ အချိန်နှင့်တပြေးညီ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)