တောင်တွင်းကြီး စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ တရုတ်ကော မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။
ဉာဏစွမ်းရည်ပြိုင်ပွဲတွင် တရုတ်ကော မူလတန်းကြိုကျောင်းမှ ကလေးငယ်များက သတ်မှတ်ထားသည့် ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ခြင်း၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယနှင့်အထူးဆုရရှိသည့် မူကြိုကလေးငယ်များအား မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)