လယ်ဝေးမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း၂၉၃၆ဦးအား ဆန်နှင့်ဆီများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

လယ်ဝေး စက်တင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များအသင်းဝင်ဆန်စက်နှင့်ဆီအရောင်းဆိုင်များမှ  မန်နေ့မွန်းလွဲ၁နာရီက အမှတ်()အခြေခံပညာအထက်တန်းကျောင်းတွင် ဆန်နှင့်ဆီများ ရောင်းချပေးခဲ့သည်။

အဆိုပါရောင်းချပေးရာသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း၂၉၃၆ဦးအား ဆန်လေးပြည်အိတ် တစ်အိတ်လျှင် ၁၄၀၀၀ကျပ်နှုန်းဖြင့် ဆန် အိတ်ပေါင်း ၂၉၃၆အိတ်၊၊ ဆီတစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် ၂၉၃၆ ပိဿာအား ရောင်းချပေးခဲ့သည်။လယ်ဝေးမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား ဆန်နှင့်ဆီများကို စျေးနှုန်းသက်သာစွာဖြင့် လစဉ်ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

ဝေကြည်(ပြန်/ဆက်)