ပေါက်တောမြို့တွင်မြို့နယ်ပညာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းနှင့် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းတို့ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်

ပေါက်တော စက်တင်ဘာ ၃၀

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင်မြို့နယ်ပညာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းတို့ ချစ်ကြည်ရေဘောလုံးယှဉ်ပြိုင်ကစားခြင်းကို မန်နေ့ ညနေပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကစားကြသည်။

အဆိုပါ မြို့နယ်ပညာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးယဉ်ပြိုင်ကစားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်​​အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ဆရာ၊ ဆရာမများ၊ကျောင်းသား/သူများနှင့်အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြရာ မြို့နယ်ပညာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းကို ()ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)