သတင်းများ

လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်” အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲပြုလုပ်
Oct 02,2023
နောင်တစ်ခေတ်တွင် ခေါင်းဆောင်ဖြစ်လာမည့် နိုင်ငံတော်ကို တည်ဆောက်ကြမည့် မျိုးဆက်သစ်ကလေးငယ်များကို ပြုစုပျိုးထောင်ပေးကြရသည့် ဆရာ၊ဆရာမများတို့သည် အရေးပါဆုံး သော ပုဂ္ဂိုလ်များပင် ဖြစ်သည်နှင့်အညီ ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား သိရှိစေရန်ရည်ရွယ်၍  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အသိ ပညာပေးဟောပြောပွဲနှင့် စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် စာအုပ်များအား စာဖတ်သူများကြည့်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်ပြပွဲကို လိပ်သိုမြို့  မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၃)ဖွင့်လှစ်
Oct 02,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။               
လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community centre) တွင် ဟောပြောပွဲနှင့် ဂိမ်းကစား ပြိုင်ပွဲကျင်းပ
Oct 02,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်  ကျောင်းသား၊ ကျောင်းသူများ ကျန်းမားရေးကောင်းမွန်ပြီး စာကြည့်တိုက်သို့ အမြဲလာရောက်ရန်နှင့် ဥာဏ်ရည်ဥာဏ်သွေးများထက်မြက်စေရန် ရည်ရွယ်၍ ယနေ့မွန်းတည့် ၁၂ နာရီအချိနက အသိပညာပေးဟောပြောပွဲနှင့် ကာယ/ ဥာဏစွမ်းရည်စွမ်းရည်ပြိုင်များ ကျင်းပခဲ့သည်။
တနင်္သာရီမြို့တွင်မွေးကင်းစမှအသက်(၂)နှစ်အထိ ကလေးများအား ပုံမှန်ကာကွယ်ဆေး လစဉ် တိုက်ကျွေး/ထိုးနှံပေး
Oct 02,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစမှ၍ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းအတွင်း ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ
Oct 02,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ဘုတ်ပြင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး စာရင်းကောက်ဆင့်ပွား ရက်တိုသင်တန်းဖွင့်လှစ်သင်ကြား
Oct 02,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သော တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး စာရင်းကောက်ဆင့်ပွားရက်တို သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်းသာမက မြန်မာတစ်နိုင်ငံလုံးတွင် အသက်ကြီးဆုံး (၁၂၃)နှစ်ရှိ အဘွား ဒေါ်ချောယဉ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက် ကန်တော့ခံ
Oct 02,2023
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားနှင့် သက်ကြီးဘိုးဘွား များအား ပူဇော်ကန်တော့ပွဲကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီက မကွေးမြို့ ဖန်ခါးမြေ ဘိုးဘွားရိပ်သာဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးမှ ဂုဏ်ပြုခံ ဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။
ဘူးသီးတောင်မြို့၌ မွေးစမှအသက်တစ်နှစ်အောက် ကလေးများအားပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Oct 02,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအားမွေးစမှ အသက်တစ်နှစ်အောက်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာ ရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။