သတင်းများ

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ဝှေ့အသင်းအား အောင်နိုင်ရေးအလံပေးအပ်
Oct 01,2023
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ဝှေ့အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို စက်တင် ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။
ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းချသူများ အခွန်လွတ်ဈေး လွိုင်ကော်မြို့၌ ဖွင့်လှစ် ရောင်းချနေမှုအား ကြည့်ရှုအားပေး
Oct 01,2023
ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရန်နှင့်  အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် လွိုင်ကော်မြို့၊ ဒေါဥခူ ရပ်ကွက်တွင် ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းချလျက်ရှိသည့် အခွန်လွတ်ဈေးသို့ ယမန်နေ့နံနက်ပိုင်းက ကယား ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ရှမ်းပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်မှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Oct 01,2023
၂၀၂၃ခုနှစ် ရှမ်းပြည်နယ် (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ(၂၉)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေး အခြေခံအစားအစာထုတ်ကုန် ပစ္စည်း ထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေး သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
Oct 01,2023
မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေး အခြေခံ အစားအစာထုတ်ကုန် ပစ္စည်းထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေး သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှတာဝန်ရှိသူများ၊ သင်ကြားပို့ချပေးမည့် ဆရာ/ဆရာမများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်သည်။
လွိုင်ကော်မြို့ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Oct 01,2023
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် ပြည်သူများစိတ်ကြည်လင်အေးချမ်းစွာလာရောက် ကုသိုလ်ပြုနိုင်ရေးတို့အတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ပိုင်းက လွိုင်ကော်မြို့၊ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)၌ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထားဝယ်မြို့တွင်ဥပဒေရေးရာဝန်ကြီးဌာန၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့် ရှင်းလင်း
Oct 01,2023
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က  ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စလင်းရေလှောင်တမံ ရေပိုလွှဲမှ ၂.၅ ပေခန့် ရေကျော်နေသော်လည်း စိုးရိမ်စရာအခြေအနေမရှိ
Oct 01,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ စလင်းရေလှောင်တမံတွင် အောက်တိုဘာ(၁)ရက်နေ့ နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်အမှတ် (၇၆၀)ပေတွင် ပင်မရေပိုလွှဲမှ ၂.၅ ပေ ရေကျော်ကျလျက်ရှိသော်လည်း ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာအခြေအနေမရှိကြောင်း စလင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချရေးနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။
တနိုင်းမြို့ အခြေခံပညာမူလတန်းလွန်-ဟူးကောင်းကျောင်းတွင် တပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Oct 01,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ယမန်နေ့နံနက်(၇)နာရီအချိန်က တပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးကိုအ​ခြေခံပညာမူလတန်းလွန်-ဟူး​ကောင်းကျောင်း၌ ပြုလုပ်ခဲ့သည်။