ကျွန်းစု အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်း သားများ၏ တူညီဝတ်စုံများအား ပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်းကို စတင်သင်ကြားပို့ချခဲ့ပြီး အောက်တိုဘာ (၂)ရက်နေ့မှ (၂၇)ရက်နေ့ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အရန်မီးသတ်(၁၀၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)