Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဟားခါးမြို့၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Oct 01,2023
၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းအတွက် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်တွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်မြို့၌ (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Oct 01,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စနစ်သစ်တက္ကသိုလ်ဝင်တန်း Grade – 12 အောင်ချက်မြင့်မားရေးအတွက် ဟားခါးတက္ကသိုလ်မှ ဘာသာရပ်ဆိုင် ဆရာ/ဆရာမများ၏ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း အားဖြည့် သင်ကြားပို့ချပေးခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 01,2023
စနစ်သစ်တက္ကသိုလ်ဝင်တန်း Grade – 12 အောင်ချက်မြင့်မားရေးအတွက် ဟားခါးတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများ၏ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း အားဖြည့်သင်ကြားပို့ချပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်း၌ ကျင်းပပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ထက်မြက်နေစေရန် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပပေး
Oct 01,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ရွှေကုက္ကိုလ်မြိုင်)တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ မြို့နယ် ပညာရေးမှူးဦးမြင့်ဦး၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်တွင် ပထမဆုရရှိသူ ကျောင်းသူ(၂)ဦးအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ
Oct 01,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီးအဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် ငဖဲမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အဆို နှင့်အကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြသော ကျောင်းသူ (၂)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ အောင်ဗလကျေးရွာနေ ပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
Oct 01,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၄ နာရီ အချိန် အောင်ဗလကျေးရွာအတွင်း ရောင်းချပေးခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြီး မှုခင်းများ စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု
Oct 01,2023
(၅၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို နိုင်ငံတဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပုလဲရတနာခန်းမတွင် ယနေ့ နံနက်(၉)နာရီက မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပခဲ့ပြီး မှုခင်းများ စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီး၌ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၆၀၀)ဦးခန့် တက်ရောက်
Oct 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9366
Page
9367
Page
9368
Page
9369
Current page
9370
Page
9371
Page
9372
Page
9373
Page
9374
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department