ဘုတ်ပြင်း အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းက သင်တန်းအဖွင့် အမှာစကားပြောကြားရာတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်ဆိုတာ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ၊ အကြင်နာ စသည့် နာ(၅)နာ အရင်းခံပြီး ပြည်သူတို့၏ အသက်အိုးစည်းစိမ်ပစ္စည်းများနှင့် ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရန်နှင့်သဘာဝဘေးအန္တရာယ် ကျရောက်လာသည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်(၄)ရပ်ဖြစ်သည့် မီးသတ်စွမ်းရည်၊ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ် ရေး စွမ်းရည်၊ စည်းရုံး ရေးစွမ်းရည်များကို အစဉ်ထက်မြက်ရေးလေ့ကျင့်သွားကြရန်၊ ယခုသင်တန်းမှ သင်ကြားပေးသည့် သင်ခန်းစာများကို ပိုမိုကျွမ်းကျင်အောင် ဆက်လက်လေ့ကျင့်ဆောင်ရွက်သွားကြရန် နိုင်ငံတော်အေးချမ်းသာယာရေးရဲ့ အရန်အင်အားအဖြစ် အမျိုးသားရေးတာဝန်တွေကို ကျေကျေပွန်ပွန် ဆက်လက်ထမ်းရွက်ပေးကြရန်နှင့် မီးသတ်သမားတစ်ယောက်ရဲ့ စိတ်ဓာတ်ဖြစ်တဲ့ မီးမလောင်စေချင် တဲ့စိတ်၊ လောင်နေတဲ့မီးကို အမြန်ငြိမ်းစေလိုတဲ့စိတ်ကို အစဉ်မွေးမြူသွားကြရန်၊ သင်တန်းမှ သင်ကြားပေးမည့် သင်ခန်းစာတွေ့ကို စိတ်ဝင်တစားလေ့လာ သင်ကြားပြီး ပိုမိုကျွမ်းကျင်အောင် ဆက်လက်လေ့ကျင့်ကြရန်စသည့်များကိုပြောကြားပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် များအား လေ့ကျင့်ရေး တူညီဝတ်စုံများကို တာဝန်ရှိသူများက အသီးသီးပေး အပ်ခဲ့သည်။
သင်တန်းကို ရပ်ကွက်ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ် မီးသတ်စခန်း တွင်(၅၀) ဦး၊ အောက်လိပ်ကျေးရွာတွင်(၅၀)ဦး စုစုပေါင်း သင်းတန်းသား(၁၀၀)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြများက ဘာသာရပ်အလိုက် စာတွေ့လက်တွေ့များကို ကျွမ်းကျင်အောင်သင်ကြား ပေးသွားမည်ဖြစ်ပြီးသင်တန်းကာလမှာ အောက်တိုဘာလ ၂ ရက်နေ့မှ ၂၇ ရက်နေ့ထိ သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)