လောင်းလုံး အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမားရေးကောင်းမွန်ပြီး စာကြည့်တိုက်သို့ အမြဲလာရောက်ရန်နှင့် ဥာဏ်ရည်ဥာဏ်သွေးများထက်မြက်စေရန် ရည်ရွယ်၍ ယနေ့မွန်းတည့် ၁၂ နာရီအချိနက အသိပညာပေးဟောပြောပွဲနှင့် ကာယ/ ဥာဏစွမ်းရည်စွမ်းရည်ပြိုင်များ ကျင်းပခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက သွေးလွန် တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပြီး ခြင်းတောင်းရွက်ပြိုင်ပွဲ၊ ဘောလုံးနောက်ပစ်ပြိုင်ပြိုင်ပွဲများကျင်းပကာ ကျောင်းသား၊ကျောင်းသူများက ပါဝင်ယှဥ်ပြိုင်၍ အနိုင်ရရှိသူများကို ဦးစီးအရာရှိ ကအမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့၍ စာအုပ်စာစောင်ပြပွဲများ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)