သတင်းများ

အမ်းမြို့နယ်၌ စားသုံးသူများ ဘေးကင်းလုံခြုံစေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး စားသောက်ဆိုင်များ ရှောင်တခင်စစ်ဆေး
Oct 02,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ စားသုံးသူများ သန့်ရှင်းသော အစားအစာများ ဘေးကင်းလုံခြုံစွာ စားသုံးသူပြည်သူများ စားသုံးနိုင်စေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး အတွက် စားသောက်ဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၅) စျေးတောင်ရပ်ကွက်၌ မြို့နယ်စားသုံးသူများသန့်ရှင်းသောအစားအစာများ ဘေးကင်းလုံခြုံစွာစားသောက်နိုင်ရေးနှင့် စားသုံးသူများသန့်ရှင်းသော အစားအစာများ ဘေးကင်းလုံခြုံစွာ စားသောက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းအတွက် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်
Oct 02,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပုရွက်ဆိတ်ကုန်းစိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းအတွက် သဘာဝမြေဩဇာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်၌ အယ်လ်နီညိုရာသီဥတုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုအသိပညာပေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်
Oct 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်လာမှုကြောင့် မွေးမြူရေးကဏ္ဍများအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ သခွတ်ကုန်းကျေးရွာနှင့်တည်ကုန်းကြီးကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံခါးမြို့နယ်၌ စားသုံးသူပြည်သူများအဆင်ပြေစေရန်ရည်ရွယ်၍ ဆီ ၁ ပိဿာ ၅၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
Oct 02,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင်  မြန်မာနိုင်ငံဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က  စျေးပိုင်းရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၊ ကွေ့မတိုက်နယ်ဆေးရုံ၌ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်
Oct 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ကုသရေးဦးစီးဌာနမှူးတို့၏ စီစဥ်လမ်းညွန်မှုဖြင့်ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ကုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးဦးဆောင်၍ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ရွှေတောင်မြို့နယ်ကွေ့မတိုက်နယ်ဆေးရုံ၌ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားများသို့တက်ရောက်
Oct 02,2023
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမတွင်ကျင်းပသည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။
ရမည်းသင်းမြို့နယ်၌ အခြေခံ ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်
Oct 02,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အသေးစားစက် မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကြီးမှူး၍ အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရမည်းသင်းမြို့၊ ရွှေဒါးသာစည်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်” အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲပြုလုပ်
Oct 02,2023
နောင်တစ်ခေတ်တွင် ခေါင်းဆောင်ဖြစ်လာမည့် နိုင်ငံတော်ကို တည်ဆောက်ကြမည့် မျိုးဆက်သစ်ကလေးငယ်များကို ပြုစုပျိုးထောင်ပေးကြရသည့် ဆရာ၊ဆရာမများတို့သည် အရေးပါဆုံး သော ပုဂ္ဂိုလ်များပင် ဖြစ်သည်နှင့်အညီ ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား သိရှိစေရန်ရည်ရွယ်၍  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အသိ ပညာပေးဟောပြောပွဲနှင့် စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် စာအုပ်များအား စာဖတ်သူများကြည့်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်ပြပွဲကို လိပ်သိုမြို့  မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။