လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်” အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲပြုလုပ်
Oct 02,2023
နောင်တစ်ခေတ်တွင် ခေါင်းဆောင်ဖြစ်လာမည့် နိုင်ငံတော်ကို တည်ဆောက်ကြမည့် မျိုးဆက်သစ်ကလေးငယ်များကို ပြုစုပျိုးထောင်ပေးကြရသည့် ဆရာ၊ဆရာမများတို့သည် အရေးပါဆုံး သော ပုဂ္ဂိုလ်များပင် ဖြစ်သည်နှင့်အညီ ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား သိရှိစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အသိ ပညာပေးဟောပြောပွဲနှင့် စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် စာအုပ်များအား စာဖတ်သူများကြည့်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်ပြပွဲကို လိပ်သိုမြို့ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။