ကျောက်မဲမြို့၊ အမက(၃)ကျောင်းတွင်  စာဖတ်ဝိုင်း၊ ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပ

ကျောက်မဲ အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာဗဟုသုတကြွယ်ဝစေရေးတို့အတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွှဲ ၁နာရီအချိန်က အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ဝိုင်း၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက စာဖတ်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ဦးစွာ ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စေခြင်း၊ စာဖတ်စွမ်းရည် ပြိုင်ပွဲများ ကျင်းပခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုလက်လက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့‌နောက် ကျောင်းသားကျောင်းသူများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊စာစောင်များကို စိတ်ဝင်တစား လေ့လာဖတ်ရှု့ခဲ့ကြသည်။

မိုင်းထွန်း(ပြန်/ဆက်)