ပုဗ္ဗသီရိမြိုနယ်၌ စားသုံးဆီတစ်ပိဿာလျှင် ရည်ညွှန်းဈေး ၅၁၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၂၃၆၈ ပိဿာအား စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး

ပုဗ္ဗသီရိ အောက်တိုဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်တို့တွင် စားသုံးဆီတစ်ပိဿာလျှင် ရည်ညွှန်းဈေးနှုန်း ၅၁၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရောင်းချပေးလျက်ရှိသည်။

အဆိုပါရောင်းချမှုတွင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ တာဝန်ခံ ဦးအောင်ဖြိုးဦးပါ ၃ ဦးမှ ပုဗ္ဗသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့တွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ လယ်သာအုပ်စု၊ လယ်သာကျေးရွာ၊ လှည်းပြင်ကွဲကျေးရွာ၊ ဂုံမင်းကွင်းကျေးရွာ၊ ဇလုပ်ကြီးကျေးရွာ၊ ဉယျာဉ်အုပ်စု၊ ဥယျာဉ်ကျေးရွာ၊ ဆင်တဲကြီးကျေးရွာ၊ သစ်ယာကုန်းအုပ်စု သစ်ယာကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ သရက်သမိန်၊ ဘဲကုန်း(မြောက်)ကျေးရွာများနှင့် ဇေယျာဒီပရပ်ကွက်တို့တွင် စားသုံးဆီတစ်ပိဿာလျှင် ရည်ညွှန်းဈေးနှုန်း ၅၁၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ၂၃၆၈ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်