ဇေယျာသီရိ အောက်တိုဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် ၃၈၈သိန်း ပဉ္စမအကြိမ် ပြန်လည် ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သက်နှင်းအင်းကျေးရွာအုပ်စု၊ သစ်တပ်ကလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဦးက စီမံကိန်းကို ကော်မတီအဖွဲ့နှင့် အသင်းသားများအား ရေရှည်တည်တံ့ခိုင်မြဲအောင် စည်းလုံးညီညွှတ်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် ဦးစီးမှူး ဦးမျိုးဇော်က စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကာ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၃၈၈သိန်းအား ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် ကျေးရွာကော်မတီမှတစ်ဆင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၉ဦးအား ရန်ပုံငွေကျပ် ၂၃၉သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၆၃ဦးအား ရန်ပုံငွေကျပ် ၁၂၈သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၆ဦးအား ရန်ပုံငွေကျပ် ၂၁သိန်း စုစုပေါင်း အသင်းသား ၁၁၈ဦးအတွက် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၃၈၈သိန်း ထုတ်ချေးပေးခဲ့သည်။
အဆိုပါ မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို သက်နှင်းအင်းကျေးရွာအုပ်စု၊ သစ်တပ်က လေးကျေးရွာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)