သတင်းများ

မလှိုင်မြို့နယ်၌ အသက် (၂)နှစ်မှ (၅)နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး
Oct 04,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် အသက်(၂)နှစ်မှ (၅)နှစ်အတွင်း ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီက မလှိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း၌ ပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ စတင်ဆောင်ရွက်
Oct 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး
Oct 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
တစ်ပိုင်တစ်နိုင် ကောက်ရိုးမှိုစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Oct 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ အောင်ဆန်းရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိလျက် ရှိကြောင်း သိရသည်။
မွေးမြူရေးဘဏ်စနစ်ဖြင့် မွေးမြူရန် ကျောက်မဲမြို့ရှိ တောင်သူများအား နွား ၁၀ ကောင်၊ အစာနှင့် အစာမျိုးစေ့များ ပေးအပ်
Oct 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကျွဲကုန်းကျေးရွာအုပ်စုရှိ မွေးမြူရေးဇုံ၊ ဦးသန်းအောင် မွေးမြူရေးခြံတွင် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်က ကျွဲကုန်းကျေးရွာအုပ်စု တောင်သူ ၁၀ အိမ်ထောင်စုအား  မွေးမြူရေးဘဏ်စနစ်ဖြင့်  မွေးမြူရန် ဒေသနွား(ပြာစိမ်း) ၁၀ ကောင်၊ အစာအိတ် ၃၆ အိတ်၊ တိရိစ္ဆာန်အစာပင် မန်ရေးဘားမြက်မျိုးစေ့ ၁၀ ထုပ် ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
စမ်းချောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Oct 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် စမ်းချောင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ကျင်းပသည်။
ကျောက်မဲမြို့၊ အမက(၃)ကျောင်းတွင်  စာဖတ်ဝိုင်း၊ ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပ
Oct 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာဗဟုသုတကြွယ်ဝစေရေးတို့အတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွှဲ ၁နာရီအချိန်က အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ဝိုင်း၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Oct 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။