ပျဉ်းမနား အောက်တိုဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးခွန်းခူနှင့် ဝန်ထမ်းများ၊ နေပြည်တော် အမှတ်-၆ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီး ဦးစောလွင်နှင့် တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းမှ မြို့နယ်တာဝန်ခံ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် ၈၃ စီး၊ မော်တော်ဆိုင်ကယ် ၁၂၆ စီးတို့အား Quick Win အစီအမံ(၅)ရပ်အပါအဝင် ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု ရှိ/မရှိ ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့ပြီး ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုမရှိသူများအား စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)