သတင်းများ

မြောက်ဦးမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး အသိပညာပေး ဟောပြော
Oct 03,2023
သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး အသိပညာပေးဟောပြောခြင်းကို မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း)အစည်းအဝေးခန်းမ၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ် သံရွာအခြေခံပညာအထက်တန်းကျောင်း၌ (၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်
Oct 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အခြခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသည့် ကျောင်းဝင်းကာရံခြင်းများ၊ ကျောင်းဆောင်အသစ် ဆောက်လု်ပပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သံရွာအခြေခံပညာအထက်တန်းကျောင်း၌ (RCC-၂ထပ်) ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ ခတ္တာလမ်းတွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း စတင်အကောင် အထည်ဖော်
Oct 03,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၂.၆၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခတ္တာလမ်းတွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
Oct 03,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးသည့် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
မြောက်ဦးမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 03,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တောင်ရပ်ရပ်ကွက်နှင့် ကုန်သည်တန်းရပ်ကွက်တို့ရှိ ဈေးရောင်း/ဈေးဝယ်ပြည်သူများ၊ ခရီးသွားပြည်သူများအား  ယနေ့နံနက် ၁၀ နာရီက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ (၁/၂၀၂၃) အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
Oct 03,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးပြီး ၁/၂၀၂၃ အခမ်းအနားမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ ၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Oct 03,2023
၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မိတ္ထီလာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် အ.ထ.က(တောင်ဘီလူ)ကျောင်း နေမျိုးစည်သူခန်းမတွင် လူငယ်ရေးရာ ပညာပေးဟောပြောပွဲကျင်းပ
Oct 03,2023
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ ပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက တောင်ဘီလူကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း နေမျိုးသစည်သူခန်းမ၌ ကျင်းပခဲ့သည်။