သတင်းများ

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီက ဝင်ငွေနည်းအိမ်ထောင်စုများအား စားသောက်ရေး အဆင်ပြေစေရန် ဆန် ၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်း
Oct 05,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီက ပွင့်ဖြူမြို့ ၊ သက်တော်ရှည်ရပ်ကွက် မုန်းချောင်းဘေးတွင် နေထိုင်သော ဝင်ငွေနည်းအိမ်ထောင်စုများအတွက် စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ အောက်တိုဘာ ၃ ရက်၊ မွန်းလွဲ ၂ နာရီက ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်
Oct 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အ.လ.က(စွယ်တော်)ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် မြို့နယ်အဆင့်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 05,2023
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ တွံတေး၌ကျင်းပ
Oct 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ မိနစ်၃၀အချိန်က အမှတ်၁အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် ၂၀၂၃ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်သန်းခေါင်စာရင်းကောက်ခြင်း ကွင်းဆင်းဆောင်ရွက်
Oct 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်ယူခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကတ္တလူကျေးရွာအုပ်စု၊ လိပ်ကြယ်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ပြည်သူများသို့ စားအုန်းဆီများ စျေးနှုန်းသက်သာစွာနှင့် မျှတစွာ ရောင်းချပေး
Oct 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူများသို့ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာနှင့် မျှတစွာ ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ယမန်နေ့က စားအုန်းဆီ တစ်ပိဿာလျှင် (၅၃၀၀)ကျပ်ဖြင့်  စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Oct 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ်၊ စာစောင်များအားကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေးဟောပြောခြင်း၊​သွေးလွန်တုပ်​ကွေး​ရောဂါ ကြိုတင်ကာကွယ်​ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ က​လေးအလုပ်သမားပ​ပျောက်​ရေး အသိပညာ​ပေးနံရံကပ်စာ​စောင်၊ အရွယ်မ​ရောက်​​သေးသူက​လေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်း​ရေး အသိပညာ​ပေးနံရံကပ်စာ​စောင်များ ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီအချိန်က သာကေတမြို့နယ် အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းတုံမြို့နယ်၊ အ.ထ.ကမိုင်းတုံ၌ လူငယ်စကားဝိုင်း ကျင်းပ
Oct 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစာနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်၉:၀၀နာရီ အချိန်က အ.ထ.ကမိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၃၇)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။