Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ
Oct 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးနေသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ
Oct 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ စာအုပ် စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် သရက်ချဥ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 04,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် သရက်ချဥ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉နာရီ ၃၀ မိနစ်အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ၊မြို့သစ်မြို့နယ် မိုးစပါးမျိုးစေ့ထုတ်စံပြကွက် မြေဩဇာကြဲပတ်ပွဲအခမ်းအနားသို့ တက်ရောက်ကာ စပါးစိုက်တောင်သူများနှင့်တွေ့ဆုံ
Oct 04,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လဲလူကျေးရွာအုပ်စု၊ လဲလူကျေးရွာ၊ ကွင်အမှတ်-၁၄၉၄၊ ဦးပိုင်အမှတ်-အမှတ်၂၀၈၊ တောင်သူ-ဦးသန်းထွန်းအောင်၏ (ဧရာမင်း)(F1)မျိုးစေ့ထုတ်စံပြကွက်သို့ ယမန်နေ့ နံနက်(၈)နာရီအချိန်က ရောက်ရှိကာ မြေဩဇာကြဲပတ်ပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့၌ မိုးရာသီ “မော်လိုက်ဖလား” အလွတ်တန်းဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Oct 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မိုးရာသီ “မော်လိုက်ဖလား” အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၆)နာရီအချိန်က ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၂၄၀)စုအား စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၈၅၀ နှုန်းဖြင့် ဆက်လက်ရောင်းချပေး
Oct 04,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဒေသခံ ပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိဿာလျှင် ငွေကျပ် ၄၈၅၀ နှုန်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာနှင့် ရေပုတ်ကျေးရွာမှ ပြည်သူများအား လေးအိမ်စုကျေးရွာ ဓမ္မာရုံ၌ ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အတတ်ပညာသင်ယူနိုင်မှု အခွင့်အလမ်းများဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 04,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား/သူများအားလုံး အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအတတ်ပညာသင်ယူနိုင်မှု အခွင့်အလမ်းများနှင့်ပတ်သက်၍ မွန်ပြည်နယ်အခြေခံပညာဦးစီးဌာနမှ အသိပညာပေးဟောပွဲကို ယနေ့နံနက်(၉)နာရီက ရွာလွတ်(အ.ထ.က)ကျောင်းပညာဂုဏ်ရောင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Oct 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တိုက်ကျွေးထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9323
Page
9324
Page
9325
Page
9326
Current page
9327
Page
9328
Page
9329
Page
9330
Page
9331
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department