သတင်းများ

မက်မန်းမြို့နယ်တွင် ဝက်မျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရေးအတွက်ဝက်နက်ကြီးမျိုးစပ် မြန်မာဝက်သိုး စံပြမွေးမြူခြင်းများဆောင်ရွက်
Oct 04,2023
ရှမ်းပြည်နယ်(အမြောက်ပိုင်း)၊ မြောက်ပိုင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်ခရိုင်၊ မက်မန်းမြို့နယ်တွင် ဝက်မျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရေးအတွက် ဝက်နက်ကြီးမျိုးစပ် မြန်မာဝက်သိုးအား သားပေါက်(သားစပ်)ရန်အတွက် မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် စမ်းသပ်မွေးမြူးထားကြောင်းသိရသည်။
မြန်အောင်မြို့နယ် အ.ထ.က တာခွ၌ လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် လူငယ်စကားဝိုင်းကျင်းပ
Oct 04,2023
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတတိုးပွားစေရန်၊ လူရည်ချွန်မောင်မယ်များဖြစ်လာစေရန် ရည်ရွယ်၍ ဧရာဝတီ တိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း များ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်က အ.ထ.က တာခွ ကျောင်းခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Oct 04,2023
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပြုလုပ်ခဲ့သည်။
ခန္တီးမြို့နယ်၌ သတင်းမှန်/မှား ခွဲခြားနည်းသင်တန်းဖွင့်လှစ်
Oct 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ပြည်သူများအနေဖြင့် သတင်းမှန်/မှား ခွဲခြားတတ်ပြီး သတင်းနှင့် ပတ်သက်သည့် ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ သတင်းမှန်/မှား ခွဲခြားနည်းသင်တန်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိ
Oct 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ညိုကျေးရွာအုပ်စု၊ ပျဉ်းမနား-တောင်ညို ကားလမ်းမကြီး (၂၁/ ၆ဖာလုံ)အနီးတွင် ဆောင်ရွက်ခဲ့သည်။
မလှိုင်မြို့နယ်၌ အသက် (၂)နှစ်မှ (၅)နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး
Oct 04,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် အသက်(၂)နှစ်မှ (၅)နှစ်အတွင်း ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီက မလှိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း၌ ပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ စတင်ဆောင်ရွက်
Oct 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး
Oct 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။