ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် သဘာဝရေပြင်အတွင်းသို့ ငါးကောင်ရေ နှစ်သိန်းကျော်အား တက်ရောက်စိုက်ထည့်ပေး
Aug 31,2023
သဘာဝရေပြင်များအတွင်း ငါးသယံဇာတများ ပေါကြွယ်ဝစေရေး၊ ငါးမျိုးများ မပြုန်းတီး စေရေး၊ ငါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသအတွင်းငါးရိက္ခာဖူလုံစေရေး၊ သဘာဝရေပြင်များတွင် ငါးမျိုးများရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရေးရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာ၊ ကွင်းယားအရှေ့ကွင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ငါးမြစ်ချင်း ကောင်ရေငါးသောင်း၊ ငါးခုံးမကြီးကောင်ရေငါးသောင်း၊ ထိုင်းငါးပြေမ ကောင်ရေငါးသောင်းနှင့် ငါးရှဉ့်ကောင်ရေ တစ်သိန်းတို့အား စိုက်ထည့်ပေးခဲ့သည်။