ကျောက်ဆည် အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အခြခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသည့် ကျောင်းဝင်းကာရံခြင်းများ၊ ကျောင်းဆောင်အသစ် ဆောက်လု်ပပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သံရွာအခြေခံပညာအထက်တန်းကျောင်း၌ (RCC-၂ထပ်) ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါကျောင်းဆောင်သစ်အား နိုင်ငံတော်မှခွင့်ပြုရန်ပုံငွေ(၄၀၉.၅၆)ကျပ်သန်းဖြင့် မန္တလာသစ္စာ ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ယူကာ အလျား(၁၄၀)ပေ၊ အနံ(၃၀)ပေ၊ (RCC-၂ထပ်) ဆောက်လုပ်ပေးလျက်ရှိကြောင်းနှင့် လုပ်ငန်းများကို ကျောက်ဆည်မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ကျောင်းဆောင်အသစ် ရေရှည်တည်တံ့ခိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် များနှင့်အညီလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သံရွာအခြေခံပညာအထက်တန်းကျောင်းသည် ၁၉၅၄ ခုနှစ် မေလ (၁၅)ရက်နေ့တွင် အခြေခံပညာ မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၀ ခုနှစ် ဇွန်လ(၂)ရက်နေ့တွင် အခြေခံပညာအလယ်တန်းကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ၁၉၉၁ ခုနှစ် မေလ(၁၅)ရက်နေ့တွင် အခြေခံပညာ အထက်တန်းကျောင်းအဖြင့် ဆက်လက်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းဧရိယာအကျယ်အဝန်းမှာ (၃.၃၆)ဧက ကျယ်ဝန်းပြီး မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၈၀၈)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၈၀၅)ဦး၊ အထက်တန်းကျောင်းသား/ကျောင်းသူ(၂၈၄)ဦး စုစုပေါင်း(၁၈၉၇)ဦး ပညာသင်ကြားလျက်ရှိကြောင်း သံရွာအခြခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
သက်မောင်