ပိုင်ကျုံ အောက်တိုဘာ ၃
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၂.၆၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခတ္တာလမ်းတွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို အရှည်(၁၈)ပေ၊ အကျယ်(၂)ပေ အမြင့်(၃)ပေရှိ Box Culvert တည်ဆောက်ခြင်း လုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့မှအနီးကပ်ကြီး ကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုလုပ်ငန်းပြီးစီးပါက မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်လာစေပြီး ရပ်ကွက်တွင်း ရေကြီး ရေလျှံမှုကို ကာကွယ်နိုင်သည့်အပြင် အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက် အဆင်ပြေလွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)