ရသေ့တောင် အောက်တိုဘာ ၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးသည့် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာတာဝန်များဆောင်ရွက်ကြရာ၌ မိမိတို့တာဝန်ကျရာအခန်း ကဏ္ဍများကပူးပေါင်းပါဝင်ဆောင်ရွက်ကြရပြီး အခမ်းအနားမှူးအဖြစ် တာဝန်ယူဆောင်ရွက်သည့်အချိန်တွင် ကောင်းမွန်တည်ငြိမ်စွာ အခမ်းအနားကို ဦးဆောင်နိုင်သည့် အခမ်းအနားမှူးများ ဖြစ်လာစေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ ၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မြို့နယ်ရုံးစာရေးဝန်ထမ်းများနှင့် ရပ်/ကျေးစာရေး (၂၇) ဦးကိုး သင်တန်းဆရာ (၄) ဦးက နံနက် ၈ နာရီမှညနေ ၃ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
မြို့နယ်(ပြန်ဆက်)