မြောက်ဦး အောက်တိုဘာ ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တောင်ရပ်ရပ်ကွက်နှင့် ကုန်သည်တန်းရပ်ကွက်တို့ရှိ ဈေးရောင်း/ဈေးဝယ်ပြည်သူများ၊ ခရီးသွားပြည်သူများအား ယနေ့နံနက် ၁၀ နာရီက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဒီရေတော ထိန်းသိမ်းကာကွယ်စိုက်ပျိုးရေး၊ ဒီရေတောကြောင့် ရရှိသောအကျိုးကျေးဇူး၊ လူသားမျိုးနွယ်စုသို့ ဆင့်ကဲထိခိုက်နိုင်ခြင်းမှသည် ဆိုးရွားစွာသော ကျန်းမာရေးထိခိုက်မှုများဆီသို့ ဦးတည်ခြင်း၊ ပလတ်စတစ်အပါအဝင် စွန့်ပစ်အမှိုက်များ ဆွေးမြေ့ပျက်စီးရန် ကြာမြင့်နိုင်သည့် သက်တမ်းများ၊ လူတိုင်းတတ်နိုင်သည့်နည်းလမ်း (၅) သွယ်၊ မြို့ပြဧရိယာများမှ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကြောင့် ထိခိုက်နိုင်မှု၊ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများအား ပင်လယ်သက်ရှိများမှ အစာအဖြစ် လွဲမှားစွာစားသုံးမှုကြောင့် သက်ရောက်နိုင်မှုများ အစရှိသည်များကို ဈေးရောင်းချသူပြည်သူများ သိရှိစေရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)