မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ ၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မိတ္ထီလာ အောက်တိုဘာ ၃

၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မိတ္ထီလာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းချီပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြား သည်။

ထို့နောက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အခြေခံပညာအလယ်တန်းဆင့် ကျောင်းသူ/ကျောင်းသား (၃၁) ဦး ပါဝင်ယှဉ်ပြိုင် ရေးဆွဲခဲ့ကြသည်။

အလားတူ ၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို အောက်တိုဘာလ ၄ ရက်နေ့တွင် ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် ကျောင်းသူ/ကျောင်းသားများအား အဆိုပါနေ့တွင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ