ကျွန်းစုမြို့တွင် ပြည်သူများသို့ စားအုန်းဆီများ စျေးနှုန်းသက်သာစွာနှင့် မျှတစွာ ရောင်းချပေး

ကျွန်းစု အောက်တိုဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူများသို့ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာနှင့် မျှတစွာ ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ယမန်နေ့က စားအုန်းဆီ တစ်ပိဿာလျှင် (၅၃၀၀)ကျပ်ဖြင့်  စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။

စားအုန်းဆီများ ရောင်းချရာတွင် မြို့ပေါ်ရပ်ကွက်များ၊ ကတ္တလူကျေးရွာ၊ ကပကျေးရွာ၊ ကမ်းကြီးကျေးရွာ၊ မအိုင်ကျေးရွာအုပ်စုတို့၌ သက်ဆိုင်ရာ ရပ်ကျေးတာဝန်ရှိသူများက အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ (၅၀)ကျပ်သားကို ငွေကျပ် (၂၆၅၀)ဖြင့် ဖြန့်ဝေရောင်းချ​ပေးခဲ့​ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)