တွံတေး အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ မိနစ်၃၀အချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က (၁) Grade-11မှ ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေကန်တော့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ကုလသဂ္ဂလက်အောက်ခံအဖွဲ (၅) အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးနန်းဦးကဖတ်ကြားခဲကာ အ.ထ.က(၁) Grade-10 ကျောင်းသား၊ ကျောင်းသူများက လမ်းပြကြယ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး တာဝန်ရှိသူများက အသက်(၇၀)နှင့်အထက် ဆရာကြီး၊ ဆရာမကြီး (၄၀)ဦးတစ်ဦးလျှင် အလှူငွေ (၅၀၀၀၀)ကျပ်စီ ပူဇော်ကန်တော့ခဲ့ကြသည်။ ယင်းနောက်ပူဇော်ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာဦးရန်စိန် (အငြိမ်းစား)မှ သြဝါဒစကားပြန်လည်ပြောကြားခဲသည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ အ.ထ.က(၂)ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်က မြတ်ဆရာပူဇော်ပွဲ ကျင်းပရခြင်းအား ရှင်းလင်းပြောကြားခဲပြီး တက်ရောက်လာသော ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
တွံတေးသား